အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ
Wednesday, October 28, 2009
INTERNATIONAL BUDDHIST EDUCATION CENTRE
စစ်ကိုင်းတောင်ရိုး ၊ မြန်မာနိုင်ငံ
ဗုဒ္ဓဘာသာပညာရေးစင်တာ ဟူသောအမည်ကို မြတ်ဗုဒ္ဓဟောကြား တော်မူခဲ့သော သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာဟူသော ပိဋကတ်တော်များ၏ အနှစ်သာရကို ရှေးမူမပျက်ထိန်းသိမ်း လျက်မျက်မှောက် ခေတ်နည်းပညာ၊ ဘာသာစကားတို့ဖြင့် ယှဉ်တွဲ လေ့လာနိုင်သော နေရာတစ်ခု အဖြစ်ရည်သန်၍ မည့်ခေါ်ခြင်းဖြစ်ပေသည်။
မြတ်ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုသူများကို မြန်မာ့ယဉ်ကျေးမှုအရ ဘုန်းတော်ကြီး များဟုခေါ်ဆိုကြ၍ ထိုဘုန်းတော်ကြီးများက မြတ်ဗုဒ္ဓ၏ဓမ္မများ နှင့် အခြားပညာရပ်များကို ဓမ္မနှင့်အညီ သင်ကြားပို့ချခြင်းကို ဘုန်းတော်ကြီးသင်ပညာရေးဟု ခေါ်ဆိုလေသည်။ အမှန် တကယ်အားဖြင့် ဗုဒ္ဓဘာသာပညာရေးစင်တာ ဆိုသည်မှာ ဘုန်းတော်ကြီးသင် ပညာရေး ပင်ဖြစ်ပေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန့်အာဏာကို
ရပ်ရွာလူများ လွန်လေးစားခဲ့ “ ……….. ဟူ၍လည်းကောင်း
ဆက်လက်ပြီး ဆရာတော်ဘုရားကြီးကကိုလိုနီဘ၀၏ ဆိုးကျိုးများကို…..
“ ခုခါသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်စီးပွား သားသမီးတို့
ဘုန်းကြီးကျောင်းတွင် စာမသင်တော့……
တရားမပါ အမှားစာကြောင့်
များစွာခုထက် တိုး၍ပျက်လိမ့် “ ဟုမိန့်ဆိုခဲ့လေရာ……..
…… ဗုဒ္ဓဘာသာပညာရေးစင်တာအဖွဲ့ (IBEC) မှနာယကရဟန်း တော်များအနေဖြင့် မိမိတို့တက်စွမ်းသမျှ အတက်ပညာများဖြင့် ပရိယတ္တိ၊ ပဋိပတ္တိသာသနာ အရှည်ခံ့၍ တည်တံ့စေရန်လည်းကောင်း၊ သာသနာ တော်ကြီးကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းကြ သောတိုင်းသူပြည်သားတို့၏ ရင်နှစ်သည်းချာ သားသမီးရတရနာ များအား လောကီ လောကုတ် ဓမ္မအမွေပေးနိုင်ရန် ပညာရေးသီးသန့် ၀န်ဆောင်မှုပေးမည့် ရဟန်းတော်များဖြစ်ကြပါသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့အား စစ်ကိုင်းတောင်ရိုး၊ ချပ်ကြား ချောင်၌ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) စီမံကိန်း တည်ဆောက်တော့မည့် အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
http://images.google.com/
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ မှဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
(၁) ပရိယတ္တိ စာသင်တိုက်
(၂) အခမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
(၃) အခမဲ့ ကွန်ပျူတာသင်တန်း
(၄) အခမဲ့ သာသန္တရသင်တန်း
(၅) ကမ္မဌာန်းဌာန (Meditation Centre) တို့ဖြစ်ပေသည်။
ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) စီမံကိန်းတည်ဆောက်မည့် သံဃာတော်များသ်ည လူမျိုး၊ ဘာသာ၊ သာသနာ အရှည်ခံ့၍ တည်တံ့စေရန်လည်းကောင်း၊ ဘာသာတရား၏ အထိန်းအကွပ်ဖြင့် ပညာလိုလား သောအနာဂတ် သာသနာ့ အာဇာနည် ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ အမိမြန်မာနိုင်ငံတော်၏ အနာဂတ်သား ကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရန် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ ဓမ္မနှင့် လောကဓတ်ပညာ များတက်မြောက်ကြပါက ယဉ်ကျေးလိမ္မာထက်မြက်သော အနာဂတ်မျိုးဆက်သစ်များ မလွဲမသွေ ဖြစ်လာကြစေရန် လည်းကောင်း ရည်သန်၍ ဘုန်းတော်ကြီးသင် ပညာရေးဖြင့်မြှင့်တင် ပေးသွားပါမည်။
(၁) ပရိယတ္တိစာသင်တိုက်
စာသင်သားရဟန်းသာမဏေများအား ပိဋကတ်စာပေကို အလွယ်တကူ လေ့လာနိုင်စေရန် ပစ္စည်းလေးပါး ထောက်ပံ့၍ စာသင်စာချ ဆရာတော်များဖြင့် စနစ်တကျသင်ကြားခြင်း၊ ထူးချွန်ထက်မြက်သော စာသင်သား များအား ပိဋကတ်စာပေများကို အင်္ဂလိပ်ဘာသာဖြင့် ယှဉ်တွဲလေ့လာစေခြင်း၊ သင်ကြားပို့ချခြင်းများ ဆောင်ရွက်ပေးသွား ပါမည်။
(၂) အခမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျေ
နိုင်ငံတော်အစိုးရ၏ ပညာရေးမြှင့်တင်ဆောင်ရွက်မှုနှင်
(၃) အခမဲ့ ကွန်ပျုတာသင်တန်း
စာသင်သားရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ကျောင်းသား /သူများအား ကွန်ပျူတာ အခြေခံ နည်းပညာများ တက်မြောက်အောင် သင်ကြားပေးသွားပါမည်။
(၄) အခမဲ့ ဘာသန္တရသင်တန်း
စာသင်သား သံဃာတော်များ နှင့် ကျောင်းသား /သူများအား အခြေခံမှစ၍ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေးတက်၊ ဖတ်တတ်၊ ပြောတတ်အောင် သေချာကျနစွာ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် အခြားသော (တရုတ်၊ ဂျပန်) အစရှိသော နိုင်ငံခြားဘာသာများကိုလည်း လက်လှမ်းမှီသ၍ ကျွမ်းကျင်တတ်မြောက် အောင်သင်ကြား ပေးသွားပါမည်။
(၅) ကမ္မဋ္ဌာန်းဌာန ( Meditation Centre )
နာယကဆရာတော်များ၊ စာချဆရာတော်များ၊ စာသင်သားများ၊ ကျောင်းသား / သူများအား နေ့စဉ်နေ့တိုင်း စုပေါင်း၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်စေမည်ဖြစ်ပါသည်။ ထို့အပြင် ကမ္မဋ္ဌာန်းတရား ကိုအားထုတ်လိုသူများအား လည်း ဘာသာလူမျိုးမခွဲခြားဘဲ လက်ခံ၍ တရားအားထုတ်စေမည်။
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) စီမံကိန်းတည်ဆောက်မည့်တည်နေရာ
ဥမှင်သုံးဆယ် ဘုရားအနောက်ဘက်မှ ဖြာဆင်းလာသော တောင်ကုန်းပေါ်၌ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ဘုရားစေတီ တည်ထားကိုးကွယ်၍ ဥမှင်သုံးဆယ်ဘရား အထိစောင်းတန်း တည်ဆောက်မည်။
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၏အခြေခံဖွဲ့စည်းပုံ-
(က) သြ၀ါဒစရိယ ဆရာတော်များ
(ခ) နာယက ဆရာတော်များ
(ဂ) ၀န်ဆောင် သံဃာတော်များ
(ဃ) အဖွဲ့ဝင်များ
(င) ဥပတ္ထ မ္ဘကအဖွဲ့များ ဟူ၍ ဖွဲ့စည်းထားမည်ဖြစ်ပါသည်။
ဘုန်းတော်ကြီးသင် ပညာရေးစီမံကိန်း
The Project Of Monastic Education
လုပ်ငန်းကြီး ( ၅ ) ရပ်
၁။ ပရိယတ္တိသင်ကြားရေးဌာန
၂။ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်း
၃။ ကွန်ပျူတာ သင်ကြားရေးဌာန
၎။ ဘာသနရ သင်ကြားရေးဌာန
၅။ ကမ္မဋ္ဌာန်းဌာန
စစ်ကိုင်းတောင် ၊ စစ်ကိုင်းမြို့
ဗုဒ္ဓဘာသာပညာရေးစင်တာ၏ အခြေခံအဆောက်အဦး ဆောက်လုပ်ရန် လှူဒါန်းနိုင်သော စာရင်းများ
၁။ သစ်တစ်တန်
၂။ သံတစ်တန်
၃။ ထုံးတစ်ပေ
၎။ သုံးမှုးကျောက်တစ်ကျင်း
၅။ ကျောက်ကြီးတစ်ကျင်း
၆။ သဲတစ်စီး
၇။ အုပ် ၁၀၀ခဲ
၈။ ဘိလပ်မြေတစ်အိပ်
၉။ သွပ်တစ်ချပ်
စီမံကိန်းဆောင်ရွက်ကြမည့် နာယကပုဂ္ဂိုလ်များ
၁။ အရှင်ကောဝိဒ (ကလေး)
သာသနာ့ရောင်ခြည်ကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၂။ အရှင်ဝဏ္ဏိတ (ရွှေဘို)
ရွှေစေတီသာသနာ့ရိပ်သာ
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၃။ အရှင်သုန္ဒရ (ပုသိမ်ကြီး)
ဇဋိလာရာမကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၎။ အရှင်ကုမာရဓဇ (မုံရွာ)
မီးရထားစင်္ကြန်ကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၅။ အရှင်စန္ဒာဝရ (နောင်ချို၊ ရှမ်း/မြောက်)
ကြွယ်လူးတောရကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၆။ အရှင်စန္ဒာဝရ (တံတားဦး)
သီတာရုံကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၇။ အရှင်နန္ဒာသီရိ (ကျွန်းလှ)
ကြွယ်လူးတောရကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၈။ အရှင်သောဘိတ(ကျွန်းလှ-တာဝန်ခံ)
ချပ်ကြားချောင်
စစ်ကိုင်းတောရိုး၊ စစ်ကိုင်း
၉။ မသိင်္ဂါသီရိ (မြစ်ကြီးနား)
သမိဒ္ဓေါဒယချောင်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
၁၀။ မဝေရပတိ (မြို့သာ)
ခေမာသကချောင်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
ဆက်သွယ်ရန်- (ယာယီရုံးခန်း)
အရှင်သောဘိတ (အထွေထွေတာဝန်ခံ)
ကြွယ်လူးတောရ ကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့။
Singapore ရောက်မြန်မာသူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများ အနေဖြင့် တက်အားသရွေ့ပါဝင် ဒါနပြုလှူဒါန်းနိုင်ကြပြီ
ဖြစ်ြေ
ဆက်သွယ်လှူဒါန်းရန် - ကိုညီညီထွေး (PH.+65-96508524
)
+65-94597113
)
+65-83646462
)
+65-93645137
)
+65-91851435
)
( အလှူရေစက် လက်နဲ့မကွာ ဒါနပြု၍ ကုသိုလ်ယူနိုင်ကြပါပြီ )
0 comments: to “ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ ”
Post a Comment