မိဘကျေးဇူးအကျေဆပ်နည်း  

Tuesday, October 27, 2009


စိတ်မထားတတ်တဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ
ပို၍ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မိဘကျေးဇူး ကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင် ၊
တရားရှိပြီးသား မိဘ
ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ် ။
စိတ်မထားတတ်တဲ့ မိဘ စိတ်ထားတတ်အောင် ၊
ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင် ၊
ကူညီ ပံ့ပိုးပေးတာကို ဓမ္မနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ စိတ်ဓာတ် မြင့်မားရေးအတွက်
စိတ်အာဟာရတွေနဲ့  ကျေးဇူးဆပ်တာမို့ 
စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း လို့ 
ခေါ်ဆိုနိုင်ပါတယ် ။
ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့်
မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့  ကုသိုလ်တိုးပွားမှုက
ဘ၀လွတ်မြောက်မှု အဆင့်အထိ တတ်လှမ်းသွားနိုင်ပြီဆိုရင်
အဲဒီလို တတ်လှမ်းနိုင်အောင်
ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ 
မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ ။
www.newworldnanda.ning.com

AddThis Social Bookmark Button

Email this post


 

Design by Amanda @ Blogger Buster