ဆင်းတုရှိခိုးတာ အကျိုးရှိသလား  

Wednesday, February 3, 2010

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှားစွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာရှာဖွေလို့ ရနိုင်ပါတော့မလဲ။

(ဒေါက်တာမင်းတင်မွန်)

www.burmaborn.blogspot.com မှကူးယူဖော်ပြပါသည်။ တန်ဖိုးရှိသောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

AddThis Social Bookmark Button

Email this post


စွန်းလွန်း ဝိပဿနာ  

Monday, January 18, 2010

Sunlun Vipassana-U Vinaya

AddThis Social Bookmark Button

Email this post


မြင့်မြတ်သော နုလုံးသားပိုင်ရှင်  




ကျပ် ၇ဝ နဲ့ ထမင်းတစ်နပ်ရောင်းတဲ့ ဆိုင်
ဇွန်ပန်းပွင့် ဇန်နဝါရီ ၁၇ ၊၂၀၁၀။


သူတို့ရဲ့ဆံပင်တွေက နီကြောင်ကြောင်ဖြစ်နေတယ်။ ဖုတ်သိုက်သိုက်ဆံပင်ရှည်အုပ်ကြီးတွေက သူတို့ရဲ့ မျက်နှာတွေကို အရွယ်နဲ့မလိုက်အောင် ရင့်ရော်စေပါတ်။ သူတို့တွေနားကပ်ရင် ကာဘော်လစ် ဆပ်ပြာနံ့လိုလို ပြင်းရှရှအနံ့ဟာ မခံနိုင်လွန်းအောင် နံစော်နေတယ်။

ဖာထေးရာတွေ ထင်သာမြင်သာလွန်းတဲ့ ညစ်ထူထူ ရှပ်အင်္ကျီဝတ်လူတွေ၊ ကာဘော်လစ်အနံ့တွေကြိုင်နေတဲ့ ယောက်ျားကြီးတွေဟာ ပင်ပန်းတဲ့ တစ်နေ့တာအလုပ် ပြီးချိန်မှာ လွယ်အိတ်စုတ်လေးတွေကို စလွယ်သိုင်းပြီး အဲဒီထမင်းဆိုင်နားမှာ အုံနေတတ်တယ်။

ဒေါ်လွင်လွင်မေက တစ်နေ့ကို အသားငါး၊ ဟင်းသီးဟင်းရွက် ဟင်းအမည်(အမယ်) ၁၅ မျိုးလောက်ကို အကူမပါ ကိုယ်တိုင်တစ်ဦးတည်း ချက်ပြုတ်ပြင်ဆင်ပြီး ညနေ အလုပ်ကြမ်းသမားတွေ အလုပ်သိမ်းချိန်မှာ ခင်းကျင်းရောင်း ချနေတဲ့ဆိုင် ဖြစ်ပါတယ်။

“လက်လုပ်လက်စား တော်တော်များများက ကျပ်တည်းကြပါတယ်။ ဆင်းရဲကြတယ်။ အဲဒီလို ဆင်းရဲတဲ့သူ တွေရဲ့ အခက်အခဲကို ဘယ်လိုကူညီသင့်သလဲဆိုပြီး စဉ်းစားကြည့်တယ်။ နောက်ပြီး ကြီးမေတို့မြန်မာ လူမျိုးတွေက ထမင်းကြိုက်တတ်တယ်။ ငါးပိကြိုက် တတ်တယ်။ အသားငါးလေးကိုလည်းစားချင်တာလေး စားရအောင်ဆိုပြီး အဲဒီလိုလူမျိုးတွေကို ဝက်သားဟင်းဆိုလည်း ၅ဝ ဖိုး ရော့ အင့် ဆိုပြီး ထမင်းလေးနဲ့ ဟင်းလေးနဲ့ ငွေလေး ၇ဝ - ၈ဝ (ကျပ်) ပါလာတယ်ဆိုလည်း ရော့ ထမင်းရော ဟင်းရောယူ ဆိုပြီးရောင်း တယ်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ ဒါနလေးလည်း မြောက်အောင်ပေါ့ သမီးလေးရယ်” လို့ အဲဒီလုံမေခင် ထမင်းဆိုင်ပိုင်ရှင် ဒေါ်လွင်လွင်မေက ပြောပြပါတယ်။

“ကျွန်မ ငွေငါးသိန်းဖိုး၊ ၁ဝ သိန်းဖိုးကို တစ်ပြိုင်နက်တည်း မလှူနိုင်ပါဘူး။တစ်နေ့ကို ၅ဝ၊ ၁ဝဝ နဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုး ပီပီ၊ နိုင်ငံကြီးသားပီပီ ဒီလုပ်ငန်းကို လုပ်တာ။ အထွတ်အမြတ်လည်းဖြစ်တယ်။ ကုသိုလ်လည်းရတယ်။ ဝမ်းလည်း ဝတယ်ဆိုတဲ့ စိတ်ကူး လေးနဲ့လည်း လုပ်တယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုဘာမှ မပါပါဘူး။ ဒီကုသိုလ်ပဲ ပါမှာပါ။ အဲဒါကြောင့် ဒီထမင်းဆိုင်မျိုးကို ဖွင့်ဖြစ်တာပါ” လို့ ဒီဆိုင်ဖွင့်လာတာ ခုနစ်နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ဒေါ်လွင်လွင်မေက ပြောပြပါတယ်။
ထမင်းဆိုင်စဖွင့်တဲ့အချိန်တုန်းကဆို ဟင်းအမယ်(၂၃)မျိုးလောက်ကို သူတစ်ဦးတည်းစီမံပြီး ရောင်းချခဲ့ တယ်လို့ ပြောပြပါတယ်။

“စရောင်းတုန်းက ထမင်းတစ်ပွဲ ၅ဝ၊ ဟင်းတစ်ပွဲ ၅ဝ နဲ့ ရောင်းတယ်။ တဖြည်းဖြည်း နည်းနည်းဈေးတက် လာတော့ ထမင်း ၁ဝဝ၊ ဟင်း ၁ဝဝ နဲ့ ရောင်းပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံ ၅ဝ တန်၊ ၂ဝ တန် အဟောင်းလေးတွေ လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာဝယ်ရှာတဲ့သူတွေကိုလည်း ဟင်းရော၊ ထမင်း ရောရောင်းပြီး ပေးသလောက် ယူပါတယ်” လို့ ဆိုပါတယ်။

ဟင်းတွေကတော့ အမယ်တော်တော် စုံပါတယ်။ ဝက်သားဟင်း၊ ဝက်ကလီစာ၊ ဆိတ်ခေါင်း၊ ဆိတ်ကြော၊ အမဲသား၊ ချဉ်ပေါင်ကြော်၊ အာလူးကြော်၊ အစိမ်းကြော်၊ ငါးပိကြော်၊ ငါးလေးဟင်း၊ ကြက်သား စတာတွေကို အသားဟင်း တစ်ပွဲ (၁ဝဝ) အသီးအရွက် (၅ဝ) နဲ့ရောင်းပါတယ်။

“ဟင်းတွေကို ဈေးပေါပေါနဲ့ရောင်းနိုင်အောင် မနက်ဆို ဈေးပေါင်ကျိုးလေးကို သွားတယ်။ ပြီးတော့ ဘယ်ဈေးလဲလို့ မေးလိုက်တယ်။ သူတို့က ဈေးကောင်းကောင်း (ဈေးကြီးကြီး) ပြောတယ်။ အဲဒီလိုဆို ကျွန်မက တောင်းပန်ပြီး ကျွန်မ ရောင်းတဲ့နေရာလေးက ဆားစက်၊ ကျောက်စက်၊ အုတ်သဲကျောက် အထမ်းသမား၊ အလုပ်ကြမ်းသမားလေးတွေ ရှိတဲ့ အတွက်ကြောင့် ဆင်းရဲတဲ့ ရပ်ကွက်ကလေးဖြစ်တဲ့ အတွက်ကြောင့် သူတို့လေးတွေ မစားနိုင်မှာစိုးလို့ ဈေးရောင်းတဲ့ သူလည်းမရှုံးအောင် ကျွန်မကိုဈေးချိုတဲ့ နှုန်းလေးနဲ့ ရောင်းပေးပါဆိုပြီး အချိုသာဆုံးပြောပြီး ကိုယ့်ဟာကိုယ် ငရုတ်သီးထောင်းပြီး ဟင်းကောင်း ကောင်းလေး ချက်ပြီး ရောင်းပါတယ်။

သူတို့တွေ ဖောဖောသီသီ လောက်လောက်ငင စားနိုင်အောင် ပိဿာလိုက် ဝယ်ပြီး ချက်ပါတယ်။ တစ်နေ့ကို ၃,ဝဝဝ ဝန်းကျင် လောက် မြတ်ပြီး ဟင်းတွေ ကျန်ရင်တော့ ကြီးမေငိုပြီး အိမ်ကိုပြန်ရတာပေါ့၊ သူတို့ လုပ်ငန်းလေး အဆင်ပြေလို့ ဈေးထဲမှာ ဟင်းကောင်းကောင်း သွားဝယ်စားရင် ကြီးမေ မရောင်းရဘူး။ သူတို့လုပ်ငန်းလေး ပါးရှားရင်တော့ ကြီးမေ ကြီးဆိုင်မှာ ၁ဝဝ ဖိုး ပေးပါ၊ ၅ဝ ဖိုး ပေးပါနဲ့ လာတောင်း တယ်။

တချို့လည်း မော်တော်ကားကြီးနဲ့ မြို့ထဲက လာပြီး ဟင်းကောင်းတယ် ကြားလို့ လာဝယ်စားကြတယ်။ တချို့က ဟင်း(၃ဝဝ)ဖိုး ဝယ်တယ်။ (၅ဝဝ)တန် ပေးပြီး (၂ဝဝ )ကျန်တာ ပြန်အမ်းရင် မယူဘူး။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်မယ်ဆိုပြီး မုန့်ဖိုးပေးသွား တယ်” လို့ သူက ဆက်ပြောပါတယ်။

“အဲဒီလို လူမျိုးတွေကို ရောင်းရလို့ တစ်ခါတလေမှာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ဝိုင်းရပါတယ်။ တချို့လာဝယ်တဲ့ သူတွေထဲမှာ စီးစီး ပိုးပိုးလည်း ပါပါတယ်။ ကြီးမေက အများကြီး ထည့်ပေးတာတောင် တချို့က နည်းတယ်လို့ထင်ပြီး ထပ်ထည့်ခိုင်းတယ်။ နောက်တစ်ခုက လူတွေအုံနေရင် လက်ကြီးက ငါးကြော်တွေ နှိုက်ခိုးတယ်။ အဲဒီအခါကျရင် တုတ်ကလေး ကောက်ပြီး အဲဒီခိုးတဲ့လက်ကို တောင်ခနဲ မြည်အောင်ခေါက်ရတယ်။ ဟဲ့ သူခိုး သူခိုး လို့ မအော်ရက်ဘူး။ အဲဒီလောက်ထိ စေတနာကောင်းပါတယ်။ ပိုက်ဆံမပေးဘဲ ထွက်သွားတဲ့လူတွေ၊ မပေးဘဲနဲ့ ပေးတယ်ဆိုပြီး ငြင်းတဲ့လူတွေ၊ ပိုက်ဆံထက်ပိုင်းပြတ် ပေးတဲ့လူတွေ စတာတွေနဲ့လည်း ကြုံရပါတယ်” လို့ သူ့ရဲ့ထမင်းဆိုင်အတွေ့အကြုံတွေကို ဒေါ်လွင်လွင်မေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

“ဘယ်မှာမဆို အကုန်လုံးက ချမ်းသာတဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ထမင်းဟင်း ၅ဝ ဖိုး၊ ၁ဝဝ ဖိုးရောင်းတဲ့ နေရာတွေက ဟင်းဈေးကြီး ပေးဝယ်မစားနိုင်တဲ့ သူတို့လို အလုပ်ကြမ်းသမားတွေအတွက် အထောက်အကူ ဖြစ်မှာပါ” လို့လည်း သူက ဆက်ပြောပြပါတယ်။


လုံမေခင်ထမင်းဆိုင်လေးကို စက်ဆန်း အေပီစီမှတ်တိုင်အနီး၊ သမိန်ပရမ်းလမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ အားပေး သုံးဆောင် နိုင်ပါတယ်။
ဇွန်ပန်းပွင့်

(မြန်မာပြည်မှဇွန်ပန်းပွင့်ဆိုသည့် သတင်းထောက်တစ်ဦး Myanmar Times တွင်ရေးသားထားသည့် Feature လေးတစ်ပုဒ်ကို ဆရာရော်နယ်အောင်နိုင် မှမျှဝေခံစားနိုင်ရန် ပေးပို့ထားပါသည်။ ဤရသဆောင်းပါးကို ကောင်းဝါသတင်းဌာန စာဖတ်ပရိသတ်များအတွက် ဝေမျှခံစားနိုင်ရန်အလို့ငှာ ထပ်ဆင့်ကူးယူ ဖေါ်ပြထားခြင်း ဖြစ်ပါကြောင်း။)

AddThis Social Bookmark Button

Email this post


Life of Buddha  

Thursday, January 7, 2010

AddThis Social Bookmark Button

Email this post


"ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး "  

Wednesday, December 30, 2009

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) လောကသုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ
အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့်
သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥယျောဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ
သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

AddThis Social Bookmark Button

Email this post


နိဗ္ဗာန် အကျိုးမျှော်၍ ထပ်ဆင့်နိုးဆော်ခြင်း  

Tuesday, December 29, 2009

စစ်ကိုင်းတောင်ရိုးတွင် ဆွမ်းအလှူ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ကြပါတယ်။
မိမိမွေးနေ့တွင် မွေးနေ့အလှူလုပ်လိုကြသူများအတွက် ၀မ်းမြောက်စွာဖြင့် လှူဒါန်းနိုင်ကြပါတယ်..

အပါး ၄၈၀ မှ ၅၀၀ ဝန်းကျင်ရှိ သံဃာများကို အရုဏ်ဆွမ်း (သို့မဟုတ်) နေ့ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ပါပြီ. မိမိတို့ အလိုရှိရာ ပါဝင်လှူဒါန်းနိုင်ကြပါသည်။
ခန့်မှန်းကုန်ကျစရိတ်များသံဃာတော်များအတွက်..

အရုဏ်ဆွမ်းဆက်ကပ်နေပုံ

အရုဏ်ဆွမ်း (မုန့်ဟင်းခါး/ကြာဇံချက်) - ၅ သောင်းကျပ်။


နေ့ဆွမ်းလောင်းလှူနေပုံ

နေ့ဆွမ်း (ကြက်သား/၀က်သား+အာလူး+သရက်ချဉ်+မျှစ်နှင့်ချဉ်ပေါင် စသည်)- ၁ သိန်းကျပ် (ဆိတ်သားဖြင့်ကပ်လျှင် - ၁ သိန်း ၃ သောင်းကျပ် )

ဆက်သွယ်လှူဒါန်းရန်

ဦးကောဝိဒ (၀၀၉၅-၉၂၁၁၀၂၀၂)
kovida9@gmail.com
ကိုရန်အောင် (USA)
aungyan@gmail.com
ရွာသားလေး (YTU)
donationformyanmar@gmail.com
Julydream (စင်ကာပူ)
JulyDream0707@gmail.com
မဝါဝါခိုင်မင်း(ဂျပန်)
yoonmeme2009@gmail.com

AddThis Social Bookmark Button

Email this post


ဗုဒ္ဓတရားတော်များ  

Thursday, November 12, 2009


AddThis Social Bookmark Button

Email this post


ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)  

Thursday, October 29, 2009

၁။ ယမက၀ဂ္ဂ (အခန်း-၁)

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.


၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။

ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။


7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.


၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။

ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။


8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.

၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။
၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။

9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.


၁၀။ ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။


10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.

၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.


၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။

တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။


12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.


၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။

ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။


14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။

16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂ၀ါ သာမညဿ ဟောတိ။

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.


၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ။

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion.

ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)ဘာသာပြန် အပြည့်အစုံအားအောက်ပါနေရာတွင် ရယူပူဇော်နိုင်ပါသည်။

AddThis Social Bookmark Button

Email this post


အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ  

Wednesday, October 28, 2009

INTERNATIONAL BUDDHIST EDUCATION CENTRE

စစ်ကိုင်းတောင်ရိုး ၊ မြန်မာနိုင်ငံ

ဗုဒ္ဓဘာသာပညာရေးစင်တာ ဟူသောအမည်ကို မြတ်ဗုဒ္ဓဟောကြား တော်မူခဲ့သော သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာဟူသော ပိကတ်တော်များ၏ အနှစ်သာရကို ရှေးမူမပျက်ထိန်းသိမ်း လျက်မျက်မှောက် ခေတ်နည်းပညာ၊ ဘာသာစကားတို့ဖြင့် ယှဉ်တွဲ လေ့လာနိုင်သော နေရာတစ်ခု အဖြစ်ရည်သန် မည့်ခေါ်ခြင်းဖြစ်ပေသည်။

မြတ်ဗုဒ္ဓသာသနာတော် ရဟန်းပြုသူများကို မြန်မာ့ယဉ်ကျေးမှုအရ ဘုန်းတော်ကြီး များဟုခေါ်ဆိုကြ ထိုဘုန်းတော်ကြီးများက မြတ်ဗုဒ္ဓ၏ဓမ္မများ နှင့် အခြားပညာရပ်များကို ဓမ္မနှင့်အညီ သင်ကြားပို့ချခြင်းကို ဘုန်းတော်ကြီးသင်ပညာရေးဟု ခေါ်ဆိုလေသည်။ အမှန် တကယ်အားဖြင့် ဗုဒ္ဓဘာသာပညာရေးစင်တာ ဆိုသည်မှာ ဘုန်းတော်ကြီးသင် ပညာရေး ပင်ဖြစ်ပေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကိုယ့်မင်းကိုယ့်ချင်းဖြင့် ခေတ်အဆက်ဆက် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဖြင့် အရှည်ခံ့ တည်တံ့ခဲ့ပေသည်။ သို့သော်လည်း ကုန်းဘောင်ခေတ် နှောင်းပိုင်း နယ်ချဲ့တို့၏ မတရားကျူးကျော်မှုဖြင့် ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ရပေသည်။ ထိုအချိန်ကာလတို့ မြန်မာနိုင်ငံတော်သည် သူ့ကျွန်ဘ၀ ရောက်ရုံမျှမက ဘာသာသနာပါ မှေးမှိန်ခဲ့ရပေသည်။ သို့ဖြစ် ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ကကဲ့သို့မိန့်ဆိုခဲ့ပေသည်………..

“ တို့ပြည်ဌာနီ ရှေးခါဆီဝယ်

မထေရ်အပေါင်း စံရာကျောင်းမှ

ငြိမ့်ညောင်းသာယာ မိန့်အာာကို

ရပ်ရွာလူများ လွန်လေးစားခဲ့ “ ……….. ဟူလည်းကောင်း

ဆက်လက်ပြီး ဆရာတော်ဘုရားကြီးကကိုလိုနီဘ၀၏ ဆိုးကျိုးများကို…..

“ ခုခါသို့နှယ် မဟုတ်ကွယ်

နယ်ပယ်စီးပွား သားသမီးတို့

ဘုန်းကြီးကျောင်းတွင် စာမသင်တော့……

တရားမပါ အမှားစာကြောင့်

များစွာခုထက် တိုးပျက်လိမ့် “ ဟုမိန့်ဆိုခဲ့လေရာ……..

…… ဗုဒ္ဓဘာသာပညာရေးစင်တာအဖွဲ့ (IBEC) မှနာယကရဟန်း တော်များအနေဖြင့် မိမိတို့တက်စွမ်းသမျှ အတက်ပညာများဖြင့် ပရိယတ္တိ၊ ပိပတ္တိသာသနာ အရှည်ခံ့ တည်တံ့စေရန်လည်းကောင်း၊ သာသနာ တော်ကြီးကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းကြ သောတိုင်းသူပြည်သားတို့၏ ရင်နှစ်သည်းချာ သားသမီးရတရနာ များအား လောကီ လောကုတ် ဓမ္မအမွေပေးနိုင်ရန် ပညာရေးသီးသန့် ၀န်ဆောင်မှုပေးမည့် ရဟန်းတော်များဖြစ်ကြပါသည်။ သို့ဖြစ်ပါ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့အား စစ်ကိုင်းတောင်ရိုး၊ ချပ်ကြား ချောင် ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) စီမံကိန်း တည်ဆောက်တော့မည့် အကြောင်း သတင်းကောင်းပါးအပ်ပါသည်။

http://images.google.com/imgres?imgurl=http://www.allmyanmar.com/Meditation%2520Center%2520Myanmar%2520Sagaing%2520Hill%2520Environs.jpg&imgrefurl=http://www.allmyanmar.com/new%2520allmyanmar.com/meditation%2520myanmar.htm&usg=__BiG90MHwmKhKiXEWIJMSwrYDhIo=&h=233&w=539&sz=72&hl=en&start=10&tbnid=iU-Z4zhcMBEZ4M:&tbnh=57&tbnw=132&prev=/images%3Fq%3Dsagaing%2Bhill%26hl%3Den%26sa%3DG

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ မှဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

(၁) ပရိယတ္တိ စာသင်တိုက်

(၂) အခမဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

(၃) အခမဲ့ ကွန်ပျူတာသင်တန်း

(၄) အခမဲ့ သာသန္တရသင်တန်း

(၅) ကမ္မဌာန်းဌာန (Meditation Centre) တို့ဖြစ်ပေသည်။

ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) စီမံကိန်းတည်ဆောက်မည့် သာံတော်များသ်ည လူမျိုး၊ ဘာသာ၊ သာသနာ အရှည်ခံ့ တည်တံ့စေရန်လည်းကောင်း၊ ဘာသာတရား၏ အထိန်းအကွပ်ဖြင့် ပညာလိုလား သောအနာဂတ် သာသနာ့ အာဇာနည် ရဟန်း၊ သာမေ၊ သီလရှင်များ၊ အမိမြန်မာနိုင်ငံတော်၏ အနာဂတ်သား ကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရန် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ ဓမ္မနှင့် လောကဓတ်ပညာ များတက်မြောက်ကြပါက ယဉ်ကျေးလိမ္မာထက်မြက်သော အနာဂတ်မျိုးဆက်သစ်များ မလွဲမသွေ ဖြစ်လာကြစေရန် လည်းကောင်း ရည်သန် ဘုန်းတော်ကြီးသင် ပညာရေးဖြင့်မြှင့်တင် ပေးသွားပါမည်။

(၁) ပရိယတ္တိစာသင်တိုက်

စာသင်သားရဟန်းသာမမျေားအား ပိကတ်စာပေကို အလွယ်တကူ လေ့လာနိုင်စေရန် ပစ္စည်းလေးပါး ထောက်ပံ့ စာသင်စာချ ဆရာတော်များဖြင့် စနစ်တကျသင်ကြားခြင်း၊ ထူးချွန်ထက်မြက်သော စာသင်သား များအား ပိကတ်စာပေများကို အင်္ဂလိပ်ဘာသာဖြင့် ယှဉ်တွဲလေ့လာစေခြင်း၊ သင်ကြားပို့ချခြင်းများ ဆောင်ရွက်ပေးသွား ပါမည်။

(၂) အခမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

နိုင်ငံတော်အစိုးရ၏ ပညာရေးမြှင့်တင်ဆောင်ရွက်မှုနှင့် ကိုက်ညီစေရန် အထက်တန်းကျောင်းတစ်ကျောင်း၏ ရှိသင့်ရှိထိုက်သော ကဏ္ဍများပြည့်စုံအောင်ဆောင်ရွက်ပြီး မိဘမဲ့ကလေးငယ်များ၊ ပညာသင်ကြားရန် အခက်အခဲရှိကြ သောကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးဖြင့် သင်ကြားသွားမည်။

(၃) အခမဲ့ ကွန်ပျုတာသင်တန်း

စာသင်သားရဟန်း၊ သာမေ၊ သီလရှင်များ၊ ကျောင်းသား /သူများအား ကွန်ပျူတာ အခြေခံ နည်းပညာများ တက်မြောက်အောင် သင်ကြားပေးသွားပါမည်။

(၄) အခမဲ့ ဘာသန္တရသင်တန်း

စာသင်သား သာံတော်များ နှင့် ကျောင်းသား /သူများအား အခြေခံမှစ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ရေးတက်၊ ဖတ်တတ်၊ ပြောတတ်အောင် သေချာကျနစွာ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် အခြားသော (တရုတ်၊ ဂျပန်) အစရှိသော နိုင်ငံခြားဘာသာများကိုလည်း လက်လှမ်းမှီသ ကျွမ်းကျင်တတ်မြောက် အောင်သင်ကြား ပေးသွားပါမည်။

(၅) ကမ္မဋ္ဌာန်းဌာန ( Meditation Centre )

နာယကဆရာတော်များ၊ စာချဆရာတော်များ၊ စာသင်သားများ၊ ကျောင်းသား / သူများအား နေ့စဉ်နေ့တိုင်း စုပေါင်း ကမ္မဋ္ဌာန်းတရားကို အားထုတ်စေမည်ဖြစ်ပါသည်။ ထို့အပြင် ကမ္မဋ္ဌာန်းတရား ကိုအားထုတ်လိုသူများအား လည်း ဘာသာလူမျိုးမခွဲခြားဘဲ လက်ခံ တရားအားထုတ်စေမည်။

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) စီမံကိန်းတည်ဆောက်မည့်တည်နေရာ

ဥမှင်သုံးဆယ် ဘုရားအနောက်ဘက်မှ ဖြာဆင်းလာသော တောင်ကုန်းပေါ် ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ဘုရားစေတီ တည်ထားကိုးကွယ် ဥမှင်သုံးဆယ်ဘရား အထိစောင်းတန်း တည်ဆောက်မည်။

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၏အခြေခံဖွဲ့စည်းပုံ-

(က) သြ၀ါဒစရိယ ဆရာတော်များ

(ခ) နာယက ဆရာတော်များ

(ဂ) ၀န်ဆောင် သာံတော်များ

() အဖွဲ့ဝင်များ

(င) ဥပတ္ထ မ္ဘကအဖွဲ့များ ဟူ ဖွဲ့စည်းထားမည်ဖြစ်ပါသည်။

ဘုန်းတော်ကြီးသင် ပညာရေးစီမံကိန်း
The Project Of Monastic Education

လုပ်ငန်းကြီး ( ၅ ) ရပ် Five working plans

၁။ ပရိယတ္တိသင်ကြားရေးဌာန 1. Department of Teaching Buddhist scripture

၂။ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း 2. Department of Monastic Education High School

၃။ ကွန်ပျူတာ သင်ကြားရေးဌာန 3. Department of Computer Training

၎။ ဘာသနရ သင်ကြားရေးဌာန 4. Department of Foreign Language

၅။ ကမ္မဋ္ဌာန်းဌာန 6. Department of Mediation

စစ်ကိုင်းတောင် ၊ စစ်ကိုင်းမြို့ Sagaing Hills, Sagaing City.

ဗုဒ္ဓဘာသာပညာရေးစင်တာ၏ အခြေခံအဆောက်အဦး ဆောက်လုပ်ရန် လှူဒါန်းနိုင်သော စာရင်းများ

၁။ သစ်တစ်တန် ၇၀၀၀၀၀ ကျပ်

၂။ သံတစ်တန် ၆၀၀၀၀၀ ကျပ်

၃။ ထုံးတစ်ပေ ၈၅၀၀၀ ကျပ်

၎။ သုံးမှုးကျောက်တစ်ကျင်း ၂၃၀၀၀ ကျပ်

၅။ ကျောက်ကြီးတစ်ကျင်း ၁၂၀၀၀ ကျပ်

၆။ သဲတစ်စီး ၉၀၀၀ ကျပ်

၇။ အုပ် ၁၀၀ခဲ ၆၅၀၀ ကျပ်

၈။ ဘိလပ်မြေတစ်အိပ် ၆၀၀၀ ကျပ်

၉။ သွပ်တစ်ချပ် ၃၀၀၀ ကျပ်

စီမံကိန်းဆောင်ရွက်ကြမည့် နာယကပုဂ္ဂိုလ်များ

၁။ အရှင်ကောဝိဒ (ကလေး)

သာသနာ့ရောင်ခြည်ကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၂။ အရှင်ဝ္ဏိတ (ရွှေဘို)

ရွှေစေတီသာသနာ့ရိပ်သာ

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၃။ အရှင်သုန္ဒရ (ပုသိမ်ကြီး)

ိလာရာမကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၎။ အရှင်ကုမာရဓဇ (မုံရွာ)

မီးရထားစင်္ကြန်ကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၅။ အရှင်စန္ဒာဝရ (နောင်ချို၊ ရှမ်း/မြောက်)

ကြွယ်လူးတောရကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၆။ အရှင်စန္ဒာဝရ (တံတားဦး)

သီတာရုံကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၇။ အရှင်နန္ဒာသီရိ (ကျွန်းလှ)

ကြွယ်လူးတောရကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၈။ အရှင်သောဘိတ(ကျွန်းလှ-တာဝန်ခံ)

ချပ်ကြားချောင်

စစ်ကိုင်းတောရိုး၊ စစ်ကိုင်း

၉။ မသိင်္ဂါသီရိ (မြစ်ကြီးနား)

သမိဒ္ဓေါဒယချောင်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

၁၀။ မဝေရပတိ (မြို့သာ)

ခေမာသကချောင်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

ဆက်သွယ်ရန်- (ယာယီရုံးခန်း)

အရှင်သောဘိတ (အထွေထွေတာဝန်ခံ)

ကြွယ်လူးတောရ ကျောင်းတိုက်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့။

Singapore ရောက်မြန်မာသူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများ အနေဖြင့် တက်အားသရွေ့ပါဝင် ဒါနပြုလှူဒါန်းနိုင်ကြပြီ

ဖြစ်ကြောင်း…………..နိဗ္ဗာန်အကျိုးမျှော်နိုးဆော်လိုက်ရပါသည်။

ဆက်သွယ်လှူဒါန်းရန် - ကိုညီညီထွေး (PH.+65-96508524)

ကိုသီဟဝေ (PH.+65-94597113)

ကိုသိန်းရွှေဦး (PH.+65-83646462)

ကိုသန့်ဇင် (PH.+65-93645137)

မခိုင်သင်းအေး (PH.+65-91851435)


( အလှူရေစက် လက်နဲ့မကွာ ဒါနပြု ကုသိုလ်ယူနိုင်ကြပါပြီ )

AddThis Social Bookmark Button

Email this post


 

Design by Amanda @ Blogger Buster