စစ်မှန်သောဗုဒ္ဓဘာသာဝင် ဆိုသည်မှာ..  

Thursday, December 25, 2008

ကံ၊ကံ၏အကျိုးကိုအကြွင်းမဲ့ယုံကြည်သည့်လူသားတို့လျှင်စစ်မှန်သောဗုဒ္ဓဘာသာဝင်မည်၏။
ကံ”ဟူသည်မှာ“အလုပ်”ဖြစ်သည်။အလုပ်(၃)မျိုးရှိပြီး၊၄င်တို့မှာ..
ကာယကံ၊ဝစီကံ နှင့် မနောကံ တို့ဖြစ်ကြသည်။
ကံတွင်(၂)မျိုးရှိပြီး၊၄င်တို့မှာ..အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ဖြစ်ကြသည်။
အကြောင်းတရာတို့ကြောင့်သာလျှင်၊အကျိုးတရာဖြစ်ခြင်းဖြစ်သည်
ကောင်းမှုပြုလုပ်သူသည်ကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်ခံစားရမည်။
မကောင်းမှုပြုလုပ်သူသည်လည်းမကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်မှခံစားရမည်။
ထို့ကြောင့်မှတ်ယူရန်မှာ-ကောင်းကျိုးကိုခံစားလိုလျှင်ကောင်းမှုပြုလုပ်ရမည်ဖြစ်သည်။
ကောင်းမှုပြုလုပ်သူသည်ကောင်းကျိုးကိုချက်ချင်းလက်ငင်းခံစားရမည်ဟုမမှတ်ယူရ။
အတိတ်မှမိမိ၏ ကံအကြောင်းတရားအရ-ကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်ခံစားရမည် ဟုမှတ်ယူရမည်။

AddThis Social Bookmark Button

Email this post


 

Design by Amanda @ Blogger Buster