လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါး
Tuesday, December 30, 2008
လောကကို ဖျက်ဆီး နိုင်သော တရား နှစ်ပါးမှာ က္ကသာ နှင့် မစ္ဆရိယ တို့တည်း။ သူတစ်ပါးကို ပျက်စီးစေလိုသော စိတ်သည် မစ္ဆရိယ စိတ်ဖြစ်သည်။ သူတစ်ပါး ကိုယ်စိတ် ချမ်းသာခြင်းကို မနာလိုသော စိတ်သည် က္ကသ၁ာ ဖြစ်သည်။ လွန်စွာ ယုတ်ညံ့၍ သတိထားဖို့ ဆရာဘုန်းကြီးက မကြာခဏ သတိပေးသည်။ ပုထုဇဉ် ဖြစ်သဖြင့် ဆင်ခြင်ဥာဏ် ရှေ့သွားမရှိသော အချိန်တွင် ဖြစ်မိသည်ချည်း။ အလွန် သိမ်မွေ့သည့် ကမ္ဘာဖျက် တရား နှစ်ပါးပါပေ။ ချင့်ချိန်ကြကုန်။
ဝန်တိုခြင်း မစ္ဆရိယ ငါးမျိုး
အဘယ်တို့သည် ၀န်တိုမှု {{မစ္ဆရိယ}}ငါးပါးတို့ မည်သနည်း။
၁။ နေရာကျောင်းကန်၌ ၀န်တိုမှု၊
၂။ အမျိုး (ဒါယကာ)၌ ၀န်တိုမှု၊
၃။ လာဘ်လာဘ၌ ၀န်တိုမှု၊
၎။ အဆင်း၌ ၀န်တိုမှု၊
၅။ တရား၌ ၀န်တိုမှုသည် ရှိ၏။
ဤသည်တို့သည် ၀န်တိုမှု {မစ္ဆရိယ} ငါးပါးတို့တည်း။
၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။
ဗုဒ္ဓဓမ္မ နှလုံးလှ
by Unknown | 0 comments
Email this postသစ္စာလေးပါး မြတ်တရား ဆိုသည်မှာ
ဒုက္ခသစ္စာ
မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။ တဏှာဖြင့် ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ခေါ်ဆိုရခြင်းဖြစ်သည်။ ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဥာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။ သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။ သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။ (လိုရင်းကား ရုပ်နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာဖြစ်ပေသည်။)
သမုဒယသစ္စာ
နှစ်သက်သာယာ ပြီးဆာနေတဲ့ တဏှာဟာ သက္ကာယ ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ ဒုက္ခသစ္စာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းပါဘဲ လို့ သိစေလိုတာပါဘဲ ။ တဏှာဆိုတဲ့ ပါဠိက ဆာတယ်လို့ အနက်ရှိတယ်။ ဆာတယ်ဆိုတာ စားချင်ပြီးဆာတာ သောက်ချင်ပြီးဆာတာ မျိုးပါဘဲ။ နှစ်သက်သာယာတာလဲ ဆာတဲ့ သဘောဘဲ။ လိုချင်တာ တောင့်တရတာ..၊ ရချင်တာ ခံစားချင်တာတွေ လဲ ဆာတဲ့ သဘောပဲ၊ ယခုလူတွေဟာ အကောင်းတွေကို မြင်ရလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ မြင်ချင်နေတာပဲ၊ ကြားလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြားချင်နေတာပဲ၊ နံလို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ နံချင်နေတာပဲ၊ စားလို့လဲအားမရဘူး၊ ထပ်ကာထပ်ကာ စားချင်နေတာပဲ၊ တွေ့ထိလို့လဲ အားမရဘူး။ ထပ်ကာထပ်ကာ တွေ့ထိပြီး ခံစား ချင်နေတာပဲ၊ အာရုံကောင်းတွေကို စိတ်ကူးကြံစည်လို့လဲ အားမရဘူး၊ ထပ်ကာထပ်ကာ ကြံချင်နေတာပဲ၊ အဲဒီလို အားမရနိုင်တာဟာ ဆာတဲ့ သဘောပဲ။ (လိုရင်းကား တဏှာသည် သမုဒ္ဒယ သစ္စာပင်တည်း)
နိရောဓသစ္စာ
နိရောဓ သစ္စာဆိုတဲ့ နိဗ္ဗာန်တရားက အသိခက်တယ်၊ အပြောရလည်းခက်တယ်၊ မိမိတို့ သန္တန်မှာ ရှိနေတဲ့ ရုပ်နာမ်များလို မိမိတို့ မျက်မှောက် မှာရှိနေတဲ့ ရုပ်ဝတ္ထုများလို သိဖို့လည်း မလွယ်ဘူး၊ ပြောဖို့လည်း မလွယ်ဘူး၊ သက္ကာယ နိရောဓောဆိုတာကို ဒဲ့ဒိုးပြောမယ်ဆိုရင် ဥပါဒါနက္ခန္ဓာဆိုတဲ့ ရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းခြင်းလို့ ပြောရမှာပဲ၊ ဒါပေမဲ့ အဲဒီရုပ်နာမ်တွေ ချုပ်တာကလည်း ဖြစ်ပြီးတော့ ချုပ်ပျက်သွားတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်နေကျ ရုပ်နာမ်တွေ အကြောင်းမရှိလို့ လုံးလုံး မဖြစ်ဘဲ ချုပ်ခြင်း ကင်းငြိမ်းခြင်းကိုသာ ဆိုလိုတယ် ဒါကြောင့် ဒီမှာ အကြောင်းဖြစ်တဲ့ သမုဒယ တဏှာ၏ ချုပ်ခြင်းဖြင့် ဖော်ပြထားတာပါပဲ။ ( ထေရီမ ဖြေဆိုတော်မူထားသော တိုက်ရိုက် အဖြေမှာကား တဏှာချုပ်ခြင်း ပင်ဖြစ်ပါသည်။)
မဂ္ဂသစ္စာ
သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးသည်ပင် သက္ကာချုပ်ခြင်း သို့ရောက်သော အကျင့်ဟု ခေါ်သည်။
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။
by Unknown | 2 comments
Email this postစစ်မှန်သောဗုဒ္ဓဘာသာဝင် ဆိုသည်မှာ..
Thursday, December 25, 2008
“ကံ”ဟူသည်မှာ“အလုပ်”ဖြစ်သည်။အလုပ်(၃)မျိုးရှိပြီး၊၄င်တို့မှာ..
ကာယကံ၊ဝစီကံ နှင့် မနောကံ တို့ဖြစ်ကြသည်။
ကံတွင်(၂)မျိုးရှိပြီး၊၄င်တို့မှာ..အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ဖြစ်ကြသည်။
အကြောင်းတရာတို့ကြောင့်သာလျှင်၊အကျိုးတရာဖြစ်ခြင်းဖြစ်သည်။
ကောင်းမှုပြုလုပ်သူသည်ကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်ခံစားရမည်။
မကောင်းမှုပြုလုပ်သူသည်လည်းမကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်မှခံစားရမည်။
ထို့ကြောင့်မှတ်ယူရန်မှာ-ကောင်းကျိုးကိုခံစားလိုလျှင်ကောင်းမှုပြုလုပ်ရမည်ဖြစ်သည်။
ကောင်းမှုပြုလုပ်သူသည်ကောင်းကျိုးကိုချက်ချင်းလက်ငင်းခံစားရမည်ဟုမမှတ်ယူရ။
အတိတ်မှမိမိ၏ ကံအကြောင်းတရားအရ-ကောင်းကျိုးကိုခံစားသင့်သည့်အချိန်တွင်ခံစားရမည် ဟုမှတ်ယူရမည်။
by Unknown | 0 comments
Email this postအကုသိုလ်တရား ၃ ပါး “လောဘ၊ဒေါသ၊မောဟ”
Wednesday, December 24, 2008
လောဘ=တပ်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော။
လောဘသည် ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်သည်။ သတ္တ၀ါတို့အား မည်သည့် အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲ ရှာဖွေနေစေသည်။
လောဘနှင့်သေသူ၏လားရာဂတိမှာ ပြိတ္တာပြည်ဖြစ်သည်။
ဒေါသ=ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။
ဒေါသနှင့်တူသော အပြစ်သည် မရှိဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။ တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း၊ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊လွန်ကဲစွာပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။
ဒေါသနှင့်သေသူ၏လားရာဂတိမှာ ငရဲပြည်ဖြစ်သည်။
မောဟ=တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။
မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တ၀ါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။
မောဟနှင့်သေသူ၏လားရာဂတိမှာ တိရိစ္ဆာန်ပြည်ဖြစ်သည်။
Posted in အကုသိုလ်တရား ၃ ပါး by Unknown | 0 comments
Email this post“ဘာသာရေး” မှတ်စုများ
Tuesday, December 23, 2008
၂။သတိဥာဏ်ရှင်ငြိမ်သက်လျှင် ပူပင်သောကငြိမ်း။
၃။ရအေင်ရှာ၊လုံအောင်သိမ်း၊မျှအောင်သုံး၊ပတ်ဝန်းကျင်ကောင်းနှင့်ပေါင်း။
၎။မိမိကိုယ်သာကိုးကွယ်ရာ။
၅။သူတစ်ပါးတို့၏ မသင့်လျော်သောအပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊
သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှုပြု၊မပြုကို မကြည့်ရှုရာ၊
မိမိ၏ကောင်းမှု မကောင်းမှု ပြု၊မပြုကိုသာလျှင်ကြည့်ရာ၏။(ဓမ္မပဒ)
- “တစ်ကိုယ်ကောင်းမဆန်ခြင်း”။
- ကုသိုလ်ပူနွေးခြင်း။
- အစွဲကင်းခြင်း။
- ယုံမှားကင်းခြင်း။
၈။စေတနာသည်ကံမည်၏။
၉။တူသောအကျိုးပေးမည်။
၁၀။လုပ်လျှင်လုပ်သလောက်ရမည်။
၁၁။မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား။
၁၂။ပြုသူအသစ်၊ဖြစ်သူအဟောင်း။
Posted in “ဘာသာရေး” မှတ်စုများ by Unknown | 0 comments
Email this post
